ကလေးငယ်များဟာ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးဆဲအရွယ်ဖြစ်သောကြောင့် ရောဂါများ မကြာခဏ ကြုံတွေ့ရနိုင်ပါသည်။ အဖျားဟာကိုယ်ခန္ဓာက ရောဂါပိုးများကို တိုက်ဖျက်နေကြောင်း ပြသသည့် လက္ခဏာတစ်ရပ်ဖြစ်သော်လည်း အကြောင်းရင်းကို သိရှိပြီး မှန်ကန်တဲ့ ပြုစုစောင့်ရှောက်မှုရှိရန်အရေးကြီးပါတယ်။
ကလေးရဲ့ အဖျားကို အတည်ပြုနိုင်ရန် ဆရာဝန်က ကလေးရဲ့ ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေး အခြေအနေတွေကို မေးမြန်းပါလိမ့်မယ်။ သင့်ကလေး ကျန်းမာရေး အခြေအနေနဲ့ လက်တွေ့စမ်းသပ်မှုတွေပေါ်မူတည်ပြီး သွေးစစ်ခြင်းနှင့် ဓါတ်မှန်ရိုက်ခြင်းတို့ လိုကောင်းလိုနိုင်ပါတယ်။

ကလေးများတွင်အဖြစ်များတဲ့ရောဂါများ
တုပ်ကွေးရောဂါ (ဒီရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားလေ့ရှိပြီး အဖျား၊ နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်ခဲခြင်း တို့ခံစားရနိုင်ပါတယ်။
လည်ချောင်းရောင်ရမ်းခြင်း (လည်ချောင်းနာြခင်း၊အဖျားတက်ခြင်းနဲ့လည်းပင်ရှိအကျိတ်များရောင်ရမ်းလာနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်နိုင်ပြီး အဖျား၊ ဝမ်းလျှော၊ အန်ခြင်းတို့ ဖြစ်ပေါ်နိုင်ကာ ရေဓာတ်ဆုံးရှုံးမှုကို သတိပြုရပါမယ်။
ကလေးဖျားရင်ဘယ်လိုပြုစုမလဲကလေး?

- ကလေးကို အနားယူစေပြီး အခန်းကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပါ
- ရေဓာက်ပြည့်ဝပါစေ
- လွတ်လပ်ပေါ့ပါးတဲ့ အဝတ်အစားများ ဝတ်ဆင်ပေးပါ
- ပဋိဇီဝဆေး (Antibiotics) များကို ဆရာဝန်၏ ညွှန်ကြားချက်မရှိဘဲ မသောက်သင့်ပါ၊
ဘယ်အချိန်ဆေးရုံသွားသင့်သလဲ?
အောက်ပါလက္ခဏာများရှိပါက ဆေးရုံ သို့မဟုတ် ဆရာဝန်ထံ အမြန်ဆုံး ပြသသင့်ပါသည်။
- အသက် ၃ လအောက် ကလေးတွင် အဖျားတက်ခြင်း
- အဖျား ၃၉°C နှင့်အထက် တက်ပြီး မကျခြင်း
- အသက်ရှူရခက်ခြင်း
- အကြိမ်ကြိမ် အန်ခြင်း သို့မဟုတ် ရေမသောက်နိုင်ခြင်း
- တက်ခြင်း (Febrile Seizure)
- အိပ်ငိုက်လွန်းခြင်း၊ မနိုးနိုင်ခြင်း သို့မဟုတ် တုံ့ပြန်မှုနည်းခြင်း
- အဖျား ၂ ရက်မှ ၃ ရက်ကျော်ကြာပြီး မသက်သာခြင်း
ဘယ်လိုကာကွယ်မလဲ?
လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောပေးပါ။
ကလေးအသက်အရွယ်နှင့် ကိုက်ညီသော ကာကွယ်ဆေးများကို အချိန်မီ ထိုးနှံပေးပါ။
အာဟာရပြည့်ဝသော အစားအစာများ ကျွေးမွေးပြီး လုံလောက်စွာ အိပ်စက်အနားယူစေပါ။
နေမကောင်းသူများနှင့် နီးကပ်စွာ ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
ကလေးများ အဖျား ကြာရှည်စွာဖြစ်နေပါက ဆရာဝန်များနဲ့ ဆေးဝါးကုသမှုခံယူသင့်ပါတယ်။
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
