လူအများစုက အရက်ဆိုရင်အသည်းထခိုက်တယ်လို့ယူဆထားပြီးအနည်းငယ်သောက်ခြင်းဟာ နှလုံးအတွက်ကောင်းသည်ဟု ယူဆလေ့ရှိကြသော်လည်း၊ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ သုတေသနပြုချက်များအရ အရက်ဟာ နှလုံးကျန်းမာရေးအတွက် မည်သည့်ပမာဏမျှ စိတ်ချရမှုမရှိကြောင်းနဲ့ တတ်နိုင်သမျှ လုံးဝရှောင်ကြဉ်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ထောက်ပြနေကြပါတယ်။
အရက်က နှလုံးကို မည်သို့ထိခိုက်စေသနည်း
အရက်ကို ကန့်သတ်ချက်မရှိဘဲ ရေရှည်သောက်သုံးခြင်းဟာ နှလုံးကျန်းမာရေးကို အောက်ပါအတိုင်း ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်
အရက်ဟာ သွေးကြောများကို ကျဉ်းစေပြီး သွေးတိုးရောဂါကို ဖြစ်ပွားစေနိုင်ပြီး သွေးတိုးရောဂါဟာ နှလုံးလုပ်ငန်းဆောင်တာများကို ဝန်ပိစေပြီး နှလုံးရပ်တန့်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။
အရက်ထဲတွင်ပါဝင်တဲ့ အဆိပ်အတောက်များဟာ နှလုံးကြွက်သားများကို တိုက်ရိုက်ပျက်စီးစေပြီး ရေရှည်တွင် နှလုံးကြွက်သားများ ပွလာပြီး ခန္ဓာကိုယ်အနှံ့ သွေး ကောင်းစွာမညှစ်ထုတ်နိုင်တော့ဘဲ နှလုံးပျက်စီးခြင်းသို့ ဦးတည်သွားစေနိုင်သည်။
အရက်အလွန်အကျွံ သောက်ပြီးနောက် နှလုံးတုန်ခြင်း၊ နှလုံးခုန် မမှန်ခြင်းများ ဖြစ်ပေါ်တတ်သည်။ ယင်းက သွေးခဲပိတ်ခြင်းနှင့် လေဖြတ်ခြင်း (Stroke) ဖြစ်နိုင်ခြေကို မြင့်တက်စေပါ။
အရက်တွင် ကယ်လိုရီ (Calories) ပမာဏ မြင့်မားစွာပါဝင်သောကြောင့် ကိုယ်အလေးချိန်တက်စေပြီး နှလုံးရောဂါဖြစ်ပွားမှုကို ပိုမိုအားပေးသည်။
နှလုံးကိုကာကွယ်ရန် မည်သို့ကန့်သတ်ရမည်နည်း။
ကျန်းမာရေးအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်များအရ နှလုံးရောဂါဘေးမှ ကာကွယ်ရန်အတွက် အရက်သောက်သုံးမှုကို အောက်ပါအတိုင်း အသိစိတ်ရှိရှိ ကန့်သတ်သင့်ပါတယ်။
အရက်သောက်တတ်သူဖြစ်ပါက အမျိုးသားများအနေဖြင့် တစ်နေ့လျှင် ပုံမှန်သောက်ခွက် ( ၂) ခွက်၊ အမျိုးသမီးများအနေဖြင့် (၁)ခွက်ထက် မပိုဘဲ ကန့်သတ်သောက်သုံးသင့်သည်။
သင့်တွင် သွေးတိုး၊ ဆီးချို သို့မဟုတ် နှလုံးရောဂါအခံ ရှိနှင့်ပြီးသားဆိုပါက အရက်ကို လုံးဝဖြတ်တောက်လိုက်ခြင်း က သင့်အသက်အန္တရာယ်ကို ကာကွယ်ရာရောက်ပါတယ်။
“ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်သည်” ဆိုသည့်အတိုင်း မိမိ၏ အဖိုးတန်လှသော နှလုံးသားကို ရောဂါဘေးမှ ကာကွယ်ရန်အတွက် ယနေ့မှစ၍ အရက်သောက်သုံးမှုကို စနစ်တကျ ကန့်သတ်ရန်လိုအပ်ပြီးသင့်နှလုံးသား ကျန်းမာမှသာ သင်ချစ်ရသူများနှင့်အတူ ရေရှည်ပျော်ရွှင်သော ဘဝကို တည်ဆောက်နိုင်မည် ဖြစ်ပါတယ်။
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
