ကျယ်လောင်တဲ့ဆူညံသံမှ နားကိုကာကွယ်ခြင်းဟာ အကြားအာရုံဆုံးရှုံးခြင်းကို ကာကွယ်ရန် အရေးကြီးဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဆူညံသံကြောင့်ဖြစ်တဲ့ အကြားအာရုံဆုံးရှုံးခြင်း (Noise-Induced Hearing Loss – NIHL) သည် ကမ္ဘာတစ်ဝန်းတွင် အဖြစ်အများဆုံးနဲ့ကာကွယ်၍ရနိုင်တဲ့ အကြားအာရုံဆုံးရှုံးခြင်း အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။
ဆူညံသံကြောင့် နားအတွင်းရှိ အာရုံခံဆဲလ်များနဲ့ အာရုံကြောအမျှင်များ ပျက်စီးသွားပါက ၎င်းတို့သည် ပြန်လည်ကောင်းမွန်လာခြင်း မရှိတော့ပေ။ ကျယ်လောင်သောဆူညံသံကို တစ်ကြိမ်ထိတွေ့ခြင်း သို့မဟုတ် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းနှစ်မျိုးလုံးသည် အကြားအာရုံကို ထာဝရပျက်စီးစေနိုင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ခန့်မှန်းချက်အရ လူငယ် (၁ )ဘီလီယံကျော်ဟာ အလွန်အကျွံဆူညံသံထိတွေ့မှုကြောင့် အကြားအာရုံဆုံးရှုံးနိုင်ခြေရှိပါတယ်။
ဆူညံသံနှင့် အကြားအာရုံ
အန္တရာယ်ရှိသော ဆူညံသံအဆင့်(၈၅ )dB (ဒက်ဆီဘယ်) အထက်ရှိတဲ့ ဆူညံသံတဲ့ အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။
ပုံမှန်စကားပြောသံ( ၆၀) dB ခန့်ဟာ၊ ရထားသံ (၉၀မှ၉၅) dB ခန့်၊ ဖျော်ဖြေပွဲများနဲ့ နားကြပ်ဖြင့် အသံကျယ်ကျယ်နားထောင်ခြင်းသည် (၁၀၀မှ၁၁၀) dB ခန့်ရှိပါတယ်။
ဆူညံသံပြင်းထန်မှုနဲ့ထိတွေ့ချိန်တို့ဟာ အကြားအာရုံပျက်စီးမှုအတွက် အဓိကအချက်များဖြစ်ပြီး တစ်နေ့လျှင် (၈၅) dB ဆူညံသံကို ၈ နာရီကြာ ထိတွေ့ခြင်းသည် အန္တရာယ်ရှိတဲ့ကန့်သတ်ချက်ဖြစ်ပါတယ်။
ကျယ်လောင်သော ဆူညံသံများ၏ အရင်းအမြစ်များ
အလုပ်ခွင်ဆူညံသံစက်ရုံများကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဂီတပညာရှင်များ၊ လေယာဉ်ကွင်းဝန်ထမ်းများ။
အပန်းဖြေမှုဆိုင်ရာ ဆူညံသံကတော့ဖျော်ဖြေပွဲများ၊ နားကြပ်ဖြင့် အသံကျယ်ကျယ်နားထောင်ခြင်း၊ အားကစားပွဲများ၊ ညကလပ်များဖြစ်ပြီးနေ့စဉ်ဘဝဆူညံသံတွေကတော့ ရထားသံ၊ ယာဉ်ကြောသံ၊ အိမ်သုံးပစ္စည်းများ (ဥပမာ – လွှစက်၊ မြက်ရိတ်စက်)။
ဆူညံသံမှ နားကိုကာကွယ်ရန် နည်းလမ်းများ
နားအကာအကွယ်များ (Hearing Protection Devices)
နားကြပ် (Earplugs)နားတူးမြောင်းအတွင်းထည့်သွင်းရသော ပျော့ပျောင်းသည့် ပစ္စည်းများ (ဥပမာ – ရော်ဘာ၊ ဆီလီကွန်၊ ဖယောင်း)၊ အိမ်မှာသုံးရန် (ဥပမာ – မြက်ရိတ်စက်အသုံးပြုချိန်) သင့်တော်ပြီး ဆူညံသံကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
နားဖုံး (Earmuffs) နားတစ်ဖက်လုံးကို ဖုံးအုပ်ထားသော ဆူညံသံကာကွယ်သည့် ကိရိယာများ။ ပိုမိုကာကွယ်မှုပေးနိုင်ပြီး နားကြပ်များထက် ပိုမိုမြင့်မားသော ဆူညံသံပမာဏများအတွက် သင့်တော်သည်။
အသံပြင်းအားကို လျှော့ချပါနားကြပ်ဖြင့် အသံနားထောင်သည့်အခါ အသံပမာဏကို ၆၀% အောက်တွင် ထိန်းထားပါ။ နားကြပ်ကို အနည်းဆုံး တစ်နာရီလျှင် ၅ မိနစ်ခန့် အနားပေးသင့်ပါတယ်။
အသံအတားအဆီးပစ္စည်းများ ပြတင်းပေါက်များတွင် နှစ်ထပ်မှန်များ တပ်ဆင်ခြင်း၊ နံရံများတွင် အသံစုပ်ယူနိုင်သော ပစ္စည်းများ ကပ်ခြင်းတို့ဖြင့် အိမ်အတွင်းသို့ ဆူညံသံများ ဝင်ရောက်ခြင်းကို လျှော့ချနိုင်ပါတယ်။
ဆူညံသံရဲ့ အရင်းအမြစ်မှ ဝေးဝေးနေခြင်းဟာ အကြားအာရုံထိခိုက်မှုကို လျှော့ချပေးပါပြီးဆူညံသံပမာဏဟာ အကွာအဝေးရဲ့နှစ်ထပ်ကိန်းနဲ့အပြောင်းအပြန်အချိုးကျသောကြောင့် အကွာအဝေးအနည်းငယ်တိုးရုံဖြင့် ဆူညံသံထိတွေ့မှုကို သိသိသာသာ လျှော့ချနိုင်ပါတယ်
ဆူညံသံကြောင့်ဖြစ်သော အကြားအာရုံဆုံးရှုံးခြင်း၏ လက္ခဏာများ
– စကားသံများကို မရှင်းလင်းစွာကြားရခြင်း
– အခြားသူများက စကားပြောဆိုနေသည်ကို နားမလည်နိုင်ခြင်း (အထူးသဖြင့် ဆူညံသောနေရာများတွင်)အသံပြင်းအားကို ပုံမှန်ထက် မြှင့်ရန် လိုအပ်ပါတယ်။
ကိုးကားချက်များ
– World Health Organization. (2024, January 10)Deafness and hearing loss
https://www.who.int/news-room/fact-sheets/detail/deafness-and-hearing-loss
– Centers for Disease Control and Prevention (CDC). (2025, April 30)Noise-Induced Hearing Loss https://www.cdc.gov/hearing-loss/about/noise-induced-hearing-loss.html
– National Institute on Deafness and Other Communication Disorders (NIDCD). (2024, January 29)Noise-Induced Hearing Loss
https://www.nidcd.nih.gov/health/noise-induced-hearing-loss
– Mayo Clinic. (2025, April 7)Hearing loss – Symptoms and causes
https://www.mayoclinic.org/diseases-conditions/hearing-loss/symptoms-causes/syc-20373067
– American Speech-Language-Hearing Association (ASHA). (2024).Noise-Induced Hearing Loss https://www.asha.org/public/hearing/noise-induced-hearing-loss/
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
