လက်ဆေးခြင်းသည် ရောဂါပိုးမွှားများ ကူးစက်ပြန့်ပွားခြင်းကို ကာကွယ်ရန် ရိုးရှင်းပြီး ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ လက်များသည် နေ့စဉ်ဘဝတွင် မျက်နှာပြင်အမျိုးမျိုး၊ လူအများနှင့် ထိတွေ့ရာမှ ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများနှင့် အခြားရောဂါပိုးများကို သယ်ဆောင်လာနိုင်ပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိခြင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ လက်ဆေးရခြင်းကို ရောဂါကူးစက်မှုကို လျှော့ချရန် အထိရောက်ဆုံး ကျန်းမာရေးအစီအမံများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုထားပြီး COVID-19 ကပ်ရောဂါကာလအတွင်း လက်ဆေးခြင်းရဲ့ အရေးပါမှုကို ကမ္ဘာတစ်ဝန်းတွင် ထပ်လောင်းအသိအမှတ်ပြုခဲ့ရပြီး ရောဂါကူးစက်မှုနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။

လက်ဆေးခြင်း၏ အရေးပါမှု

လက်ဆေးခြင်းသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ (ဥပမာ – အအေးမိ၊ တုပ်ကွေး)၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ (ဥပမာ – ဝမ်းလျှော) နှင့် အခြားသော ကူးစက်ရောဂါများ ပြန့်ပွားမှုကို ကာကွယ်ပေးတယ်လို့သိရပါတယ် ။

လက်သန့်ရှင်းရေးကောင်းမွန်ခြင်းဟာ ကိုယ်ခံအားစနစ်အားနည်းသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ရောဂါပိုးများမှ ကာကွယ်ပေးနိုင်ပါတယ် ။

ဆပ်ပြာနဲ့ ရေဖြင့် စက္ကန့် (၂၀ )ခန့် လက်ဆေးခြင်းဟာလက်ပေါ်ရှိ ရောဂါပိုးအများစုကို ဖယ်ရှားပေးနိုင်ပါတယ် ။

-ဆပ်ပြာမရရှိနိုင်သောအခါ အယ်လ်ကိုဟောအခြေခံ လက်သန့်ဆေးရည် (အယ်လ်ကိုဟောပါဝင်မှု (၆၀) ရာခိုင်နှုန်းကိုအနည်းဆုံး) ကို အသုံးပြုနိုင်ပါတယ် ။

လက်ဆေးသင့်သည့် အချိန်များ

လက်ဆေးနည်း မှန်ကန်သောနည်း

လက်ကို ရေဖြင့် စိုစွတ်အောင်လုပ်ပါ(ရေနွေး သို့မဟုတ် ရေအေး)

ဆပ်ပြာကို လုံလောက်စွာ ယူပါ (ပမာဏများများ)

လက်ကို ပွတ်တိုက်ပါ

 လက်ဖဝါးချင်း ပွတ်တိုက်ပါ

 လက်ဖဝါးကို လက်ဖနောင့်ပေါ်တင်၍ လက်ချောင်းကြားများကို ပွတ်တိုက်ပါ လက်ချောင်းအတွင်းပိုင်းကို အပြန်အလှန် ပွတ်တိုက်ပါ

 လက်ချောင်းဆစ်များကို လက်ဖဝါးနှင့် ပွတ်တိုက်ပါ

 လက်မကို လက်ဖဝါးဖြင့် ဝိုင်းပွတ်ပါ

 လက်ချောင်းထိပ်များကို လက်ဖဝါးနှင့် ပွတ်တိုက်ပါ

 လက်ကောက်ဝတ်ကိုပါ ဆေးကြောပါ

ရေဖြင့် ကောင်းစွာဆေးချပါ

သန့်ရှင်းတဲ့မျက်နှာသုတ်ပဝါ (သို့မဟုတ်) စက္ကူသုတ်ပဝါဖြင့် သုတ်ပါ

လက်သန့်ဆေးရည်အစား ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောပါ

ကိုးကားချက်များ

– Centers for Disease Control and Prevention (CDC). (2024, April 8). Handwashing: Clean Hands Save Lives

https://www.cdc.gov/clean-hands/about/index.html

– World Health Organization (WHO). (2024, June 21). WHO highlights importance of hand hygiene for patient safety

https://www.who.int/news-room/events/detail/2024/06/21/default-calendar/who-highlights-importance-of-hand-hygiene-for-patient-safety

– Mayo Clinic. (2025, October 11). Hand-washing: Do’s and don’ts

https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/hand-washing/art-20046253

– UNICEF. (2020, June 15). Handwashing: A Family Habit

https://www.unicef.org/myanmar/stories/handwashing-family-habit

– BBC News. (2021, July 30)Coronavirus: The hand-washing technique that kills viruses

https://www.bbc.com/news/av/health-53477705

သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။