မနက်တိုင်း နံနက်စာ စားပါ

နံနက်စာစားခြင်းသည် တစ်နေ့တာ အရေးအပါဆုံး အစားအစာအဖြစ် သတ်မှတ်ခံရလေ့ရှိပြီး ကျန်းမာရေးနဲ့နေ့စဉ်လုပ်ဆောင်နိုင်စွမ်းအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ နံနက်စာစားခြင်းကို ပုံမှန်အလေ့အကျင့်ပြုခြင်းဟာ ကိုယ်အလေးချိန်ထိန်းခြင်း၊ သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း၊ အာဟာရဖူလုံမှုနဲ့ သိမြင်မှုဆိုင်ရာ စွမ်းရည်များ တိုးတက်ခြင်းတို့ကို ဆက်စပ်စေပါတယ်။

နံနက်စာစားခြင်ဟာ သင်စားသော အစားအစာအမျိုးအစားပေါ်တွင်လည်း များစွာမူတည်ပါတယ်။ အရည်အသွေးမြင့် နံနက်စာတွင် အစေ့အဆန်များ၊ သစ်သီးများ၊ နို့ထွက်ပစ္စည်းများ၊ ဥများ ( သို့မဟုတ် )အခွံမာသီးများ ပါဝင်သင့်ပြီး သကြား (သို့မဟုတ် ) ပြုပြင်ထားသော ဘိုဟိုက်ဒရိတ်များ လွန်ကဲသော အစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။ နံနက်စာစားခြင်းကို ခေတ်မီသုတေသနပြုချက်များက ကျန်းမာရေးအကျိုးကျေးဇူးများစွာနှင့် ဆက်စပ်နေသော်လည်း၊ လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ပိုင်နှစ်သက်မှုများအပေါ် မူတည်ပြီး စိတ်ကြိုက်ပြုလုပ်ရန် အရေးကြီးပါတယ်။

နံနက်စာစားခြင်း၏ အကျိုးကျေးဇူးများ

ကိုယ်အလေးချိန်ထိန်းညှိခြင်း – ပုံမှန်နံနက်စာစားသူများသည် နံနက်စာရှောင်သူများထက် အဝလွန်နိုင်ခြေ ၄.၅ ဆ ပိုမိုနည်းပါးသည်။ နံနက်စာရှောင်ခြင်းသည် နေ့လယ်နှင့်ညနေပိုင်းတွင် လျော်ကြေးအဖြစ် အစားပိုစားမိစေကာ စုစုပေါင်းကယ်လိုရီပမာဏကို မလျှော့ချနိုင်ပေ။

ပုံမှန်နံနက်စာစားခြင်းဟာ အင်ဆူလင်အာရုံခံနိုင်စွမ်းကို ကောင်းမွန်စေပြီး ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာပါ။ နံနက်စာရှောင်ခြင်းဟာ နာတာရှည်ရောင်ရမ်းမှုနဲ့ဇီဝဖြစ်ပျက်မှုဆိုင်ရာ မညီမျှမှုများကို ဖြစ်ပေါ်လာမှာပါ။

နံနက်စာစားခြင်းသည် မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်များကို တိုးတက်စေပြီး ကျောင်းသားများ၏ စာသင်စွမ်းရည်နှင့် သင်ယူလိုစိတ်ကို မြှင့်တင်ပေးသည်။ အထူးသဖြင့် အရည်အသွေးမြင့် နံနက်စာစားသူများတွင် ဤအကျိုးကျေးဇူးကို ပိုမိုတွေ့ရှိရတယ်လို့ဆိုပါတယ်။

နံနက်စာစားခြင်းဟာ အခြားအစားအစာများမှ ရရှိရန်ခက်ခဲသော မရှိမဖြစ်လိုအပ်သည့် အာဟာရဓာတ်များကို ဖြည့်ဆည်းပေးပြီး အထူးသဖြင့် အစေ့အဆန်များ၊ သစ်သီးများနှင့် နို့ထွက်ပစ္စည်းများမှ အမျှင်ဓာတ်နှင့် ဗီတာမင်များကို ရရှိစေမှာပါ။

နံနက်စာရှောင်ခြင်း၏ ဆိုးကျိုးများ

နံနက်စာရှောင်ခြင်းသည် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အင်ဆူလင်ခုခံနိုင်စွမ်းကို ပိုမိုဆိုးရွားစေပါတယ်။ အဝလွန်ခြင်း၊ ဆီးချိုနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

သိမြင်မှုစွမ်းရည် ကျဆင်းခြင်း၊ စိတ်ခံစားချက်ဆိုင်ရာ ပြဿနာများနှင့် စိတ်ကျရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပြီး ဦးနှောက်အကောင်းဆုံးလုပ်ဆောင်နိုင်ရန် နံနက်ပိုင်းတွင် စွမ်းအင်လိုအပ်ပါတယ်။

နောက်ပြီးကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ရောင်ရမ်းမှုကို မြှင့်တင်ကာ ရောဂါကူးစက်ခံရနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

အရည်အသွေးကောင်းမွန်သော နံနက်စာအတွက် အကြံပြုချက်များ

သင်စားသော အစားအစာအမျိုးအစားပေါ်တွင် များစွာမူတည်ပြီး သကြားနဲ့ ပြုပြင်ထားတဲ့ အမျှင်ဓာတ်၊ ပရိုတင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ ပါဝင်သော နံနက်စာကို ရွေးချယ်သင့်ပါတယ်။

  • အကောင်းဆုံး နံနက်စာ အစားအစာများကတော့ ဥများ၊ နို့ထွက်ပစ္စည်း၊ အခွံမာသီးများ၊ သစ်သီးများ၊ အစေ့အဆန်များ (ဥပမာ – ဂျုံလုံးပေါင်မုန့်၊ အုတ်ဂျုံ)၊ ကော်ဖီ သို့မဟုတ် လက်ဖက်ရည်တို့ ဖြစ်ပါတယ်။
  • သင်မနက်စာစားရန် အချိန်မရှိပါက သယ်ဆောင်ရလွယ်ကူသော ကျန်းမာရေးနှင့်ညီညွတ်သည့် ရွေးချယ်မှုများ (ဥပမာ – သစ်သီးခြောက်များ၊ ပဲနို့၊ ဂျုံလုံးဘီစကွတ်) ကို ရွေးချယ်နိုင်ပါတယ်။

ကိုးကားချက်များ