ဦးနှောက်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက ဦးနှောက်ကျန်းမာရေးအတွက်ပါ အကျိုးသက်ရောက်မှုအရှိဆုံး လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီးကိုယ်လက်လှုပ်ရှားမှုဟာ ဦးနှောက်ဆဲလ်အသစ်များ ကြီးထွားစေခြင်း၊ ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချပေးခြင်းနဲ့ အာရုံကြောဆက်သွယ်မှုများကို အားကောင်းစေခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

အထူးသဖြင့် အသက်အရွယ်ကြီးရင့်လာချိန်တွင် မှတ်ဉာဏ်ဆိုင်ရာလုပ်ဆောင်ချက်များကို ကာကွယ်ပေးပြီး စိတ်ကျရောဂါနှင့် စိတ်ဖိစီးမှုတို့ကိုလည်း သက်သာစေပါတယ်။ သုတေသနပြုချက်များအရ လေ့ကျင့်ခန်းလုပ်ခြင်းသည် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ကြောင်း တွေ့ရတယ်လို့သိရပါတယ် ။

လေ့ကျင့်ခန်း၏ ဦးနှောက်အပေါ် အကျိုးသက်ရောက်ပုံ

လေ့ကျင့်ခန်းသည် ဦးနှောက်၏ Memory Center ဖြစ်သော Hippocampus တွင် ဆဲလ်အသစ်များကို ဖန်တီးပေးပြီး ရှိပြီးသားဆဲလ်များကို သေဆုံးခြင်းမှ ကာကွယ်ပေးပြီး တစ်နေ့လျှင် ခြေလှမ်း( ၃,၈၀၀ )ခန့် လျှောက်ခြင်းသည်ဟာ စိတ်ဖောက်ပြန်မှုအန္တရာယ်ကို (၂၅) ရာခိုင်နှုန်း လျှော့ချပေးပြီး (၉,၈၀၀) ခန့် လျှောက်ပါက( ၅၁) ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်ပါတယ် ။

ကိုယ်လက်လှုပ်ရှားမှုဟာ  အိပ်ပျော်စေခြင်း၊ အိပ်ရေးဝစေခြင်းနှင့် အိပ်ရေးပျက်ခြင်းဆိုင်ရာ ပြဿနာများကို သက်သာစေသည် ။ အိပ်စက်ချိန်သည် ဦးနှောက်တွင်းရှိ အဆိပ်အတောက်များ (အယ်လ်ဇိုင်းမားရောဂါနှင့်ဆက်စပ်သော ပရိုတင်းများအပါအဝင်) ကို သန့်စင်ပေးသည့် အချိန်လည်းဖြစ်ပါတယ် ။

လေ့ကျင့်ခန်းလုပ်ခြင်းသည် Endorphins၊ Dopamine နှင့် Serotonin ကဲ့သို့သော “ပျော်ရွှင်စေသော” ဓာတ်များကို ထုတ်လုပ်ပေးပြီး စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ကို လျှော့ချပေးသည် ။ American Psychiatric Association မှ စိတ်ကျရောဂါကုသရာတွင် လေ့ကျင့်ခန်းကို ကုသနည်းတစ်ခုအဖြစ် အကြံပြုထားပါတယ် ။

သိပ္ပံနည်းကျ အထောက်အထားများ

လေ့ကျင့်ခန်းဟာဦးနှောက်ရဲ့ မီးခိုးရောင်အလွှာ (Gray Matter) ပမာဏကို တိုးစေပြီး အထူးသဖြင့် မှတ်ဉာဏ်နှင့် သင်ယူမှုအတွက် အရေးပါသော နေရာများတွင် သက်ရောက်မှုရှိစေပြီးဦးနှောက်သို့ သွေးစီးဆင်းမှုကို တိုးစေပြီး အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပိုမိုရရှိစေပါတယ် ။

လေ့ကျင့်ခန်းသည် အာရုံကြောဆဲလ်များ၏ ကျန်းမာရေးအတွက် အရေးပါသော BDNF (Brain-Derived Neurotrophic Factor) ပမာဏကို မြှင့်တင်ပေးပါတယ် ။

ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်သင့်သလဲ?

ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းစသည်တို့သည် ဦးနှောက်ပလတ်စတစ်ဆစ်တီ (Plasticity) ကို မြှင့်တင်ပေးပြီး အလေးမခြင်းကဲ့သို့သော လေ့ကျင့်ခန်းများသည် ဦးနှောက်၏ အခြားနေရာများတွင် မီးခိုးရောင်အလွှာကို တိုးစေနိုင်ပါတယ်။

ထိုက်ချီ (Tai Chi)ကျင့်ခြင်း လေ့ကျင့်ခန်းများဟာ ဟန်ချက်ထိန်းနိုင်စွမ်းကို ကောင်းမွန်စေပြီး ဦးနှောက် လုပ်ဆောင်ချက်ကိုလည်း အထောက်အကူပြုပါတယ် ။

အကြံပြုထားသော လေ့ကျင့်ခန်းပမာဏ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြံပြုချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်…

တစ်ပတ်လျှင် မိနစ် (၁၅၀ )မှ (၃၀၀) (ဥပမာ – လျင်မြန်စွာ လမ်းလျှောက်ခြင်း) ပြင်းထန်သော လေ့ကျင့်ခန်းဖြစ်တဲ့တစ်ပတ်(ဥပမာ – ပြေးခြင်း၊ ရေကူးခြင်း)လျှင် မိနစ် (၇၅) မှ( ၁၅၀)အထိလုပ်ဆောင်သင့်ပြီး မည်သည့်ကိုယ်လက်လှုပ်ရှားမှုမဆို မလှုပ်ရှားခြင်းထက် ပိုမိုကောင်းမွန်ပြီး အနည်းငယ်သော လေ့ကျင့်ခန်းပင်လျှင် ဦးနှောက်ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိပါတယ်။

ကိုးကားချက်များ

– Cleveland Clinic Health Essentials. (2025, November 2). This Is Your Brain on Exercise: Why Movement Matters So Much

https://health.clevelandclinic.org/exercise-and-brain-health

– EurekAlert!. (2025, April 29)Increasing physical activity in middle age may protect against Alzheimer’s disease

https://www.eurekalert.org/news-releases/1081988

– Johns Hopkins University. (2026, February 1)Exercise and Brain Health: Expert Review

https://pure.johnshopkins.edu/en/publications/exercise-and-brain-health-expert-review

– Europe PMC. (2025, January 9)The neural correlates of physical exercise-induced general cognitive gains

https://europepmc.org/article/med/39798632

– Springer. (2026, January 4). Dose-response effects and mechanistic pathways linking physical exercise to brain volume and cognition

https://link.springer.com/article/10.1186/s11556-025-00398-3