ဗီတာမင် စီ (Vitamin C) သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ရေတွင်ပျော်ဝင်သည့် ဗီတာမင်တစ်မျိုး ဖြစ်ပြီး ခန္ဓာကိုယ်ရှိ တစ်ရှူးအားလုံးရဲ့ ကြီးထွားမှု၊ ဖွံ့ဖြိုးမှုနဲ့ပြုပြင်မှုအတွက် လိုအပ်ပြီး ကော်လာဂျင်ထုတ်လုပ်ခြင်း၊ သံဓာတ်စုပ်ယူမှု၊ ကိုယ်ခံအားစနစ်နှင့် ဒဏ်ရာများကျက်စေခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ် ။
ဗီတာမင် စီဟာ ခန္ဓာကိုယ်အတွင်း သဘာဝအတိုင်း မထုတ်လုပ်နိုင်ဘဲ သိုလှောင်မှုလည်း မရှိသောကြောင့် နေ့စဉ် ဗီတာမင် စီ ကြွယ်ဝသော အစားအစာများကို စားသုံးရန် အရေးကြီးပါတယ် ။ ဗီတာမင် စီ ချို့တဲ့ပါက အရေပြားပေါ်တွင် အနာများထွက်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ ဒဏ်ရာများနှေးကွေးစွာကျက်ခြင်းနှင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေ ပိုမိုများပြားခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ဗီတာမင် စီ၏ အကျိုးကျေးဇူးများ

- အရေပြား၊ အရွတ်များ၊ အရွတ်များနှင့် သွေးကြောများပြုလုပ်ရန် အသုံးပြုသော ကော်လာဂျင်ပရိုတင်းကို ဖွဲ့စည်းရန် လိုအပ်ပါတယ် ။
- ခုခံအားစနစ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် ကူညီပေးပြီး ရောဂါပိုးများကို တိုက်ထုတ်နိုင်စွမ်းကို အားကောင်းစေသည်။
- ကင်ဆာ၊ နှလုံးရောဂါနှင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ် ။
- ဒဏ်ရာများကို ကျက်စေရန်နှင့် အမာရွတ်တစ်သျှူးများဖြစ်ပေါ်ရန် ကူညီပေးပါတယ် ။
ဗီတာမင် စီ ကြွယ်ဝသော အစားအစာများ…
အသီးအနှံများ
လိမ္မော်သီး၊ သံပုရာသီး၊ ကျွဲကောသီး၊ ရှောက်သီး ကီဝီသီး၊ သင်္ဘောသီး၊ သရက်သီး၊ နာနတ်သီး
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ဖရဲသီး
ဟင်းသီးဟင်းရွက်များ
- ငရုတ်သီးအစိမ်းနှင့် ငရုတ်ကောင်း
- ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊
- ဟင်းနုနွယ်ရွက်၊ ဂေါ်ဖီထုပ်၊ မုန်လာရွက်
- အာလူး၊ ကန်စွန်းဥ
- ခရမ်းချဉ်သီး၊ ရေကညွတ်၊ မုန်လာဥ
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို အစိမ်းလိုက် သို့မဟုတ် မကျက်အောင်စားသုံးခြင်းဟာဗီတာမင် စီ ပါဝင်မှုကို အကောင်းဆုံး ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အကြောင်းမှာ အပူချိန်မြင့်မြင့်တွင် ချက်ပြုတ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အလင်းရောင်ထိတွေ့ခြင်းတို့သည် ဗီတာမင် စီ ပါဝင်မှုကို လျှော့ချနိုင်တယ်လို့သိရပါတယ် ။
သတိပြုရမည့်အချက်များ

- ဗီတာမင် စီ ကို တစ်နေ့လျှင်( ၂၀၀၀) မီလီဂရမ်ထက် ပိုမိုစားသုံးခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း) နှင့် ကျောက်ကပ်ကျောက်တည်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။
- ဗီတာမင် စီ ဖြည့်စွက်စာများဟာ အအေးမိခြင်းကို ကာကွယ်နိုင်ခြင်း မရှိသော်လည်း ပုံမှန်သောက်သုံးပါက ရောဂါဖြစ်ပွားချိန်ကို အနည်းငယ် တိုစေနိုင်ပါတယ် ။
- ဗီတာမင် စီ ပမာဏများများ ဖြည့်စွက်စာအဖြစ် သောက်သုံးခြင်းကို အကြံပြုထားခြင်း မရှိပါ ။
ကိုးကားချက်များ
National Nutrition Council, Republic of the Philippines. (2022, December 25). Why is Vitamin C Important?
https://nnc.gov.ph/visayas-region/why-is-vitamin-c-important
FloridaHealthFinder. (2025, January 20). Vitamin C.
https://quality.healthfinder.fl.gov/health-encyclopedia/HIE/1/002404
Mayo Clinic. (2025, August 14). Vitamin C
https://www.mayoclinic.org/drugs-supplements-vitamin-c/art-20363932
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
