ကျန်းမာရေးအတွက် မဟုတ်ဘူးလို့ ပြောတတ်အောင်သင်ပါ

မြန်မာလူမျိုးများဟာ “အားနာတတ်ခြင်း” ကို အကောင်းမြင်လေ့ရှိသော်လည်း နေရာတကာ အားနာနေခြင်းသည် ကိုယ့်ဘဝကို ဒုက္ခပေးနိုင်သည်။ မကောင်းမှုတစ်ခု၊ မမှန်ကန်သည့် လုပ်ရပ်တစ်ခုတွင် သူငယ်ချင်းချင်း အားနာ၍၊ လူကြီးမိဘမို့ အားနာ၍ လိုက်လုပ်မိရာက ဘဝပျက်သွားကြသူများစွာ ရှိပြီး မှန်ကန်သည့် အရာအတွက် ရပ်တည်ရာတွင် အားနာခြင်းထက် ကိုယ်ကျင့်တရားနှင့် သမာဓိက ပို၍ အရေးကြီးပါတယ်။