သင်ဟာဆေးလိပ်ကိုစွဲလမ်းနေသူတစ်ယောက်လား ?
တကယ်တော့ဆေးလိပ်ဖြတ်တာဟာစိတ်ပိုင်းဆိုင်ရာကုသတာပါ။ ဆေးလိပ်ဖြတ်ဖို့စိတ်ကူးထားပေမယ့်အကြောင်းအရင်းတစ်ခုကြောင့်သင်ဟာဆေးလိပ်ဖြတ်ဖို့ခက်ခဲနေမှာဖြစ်ပါတယ်။
ဆေးလိပ်သောက်တာက ချက်ချင်းဖြတ်ဖို့ မဖြစ်နိုင်ပါဘူး။
ဆေးလိပ်သောက်တက်တဲ့လူအများစုကတော့ ဖြတ်ချင်ပေမယ့်လည်းနည်းလမ်းမမှန်တော့ပြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီး ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြပါတယ်။
ဆေးလိပ်ဖြတ်ခြင်းဟာသင်နဲ့ သင့်ပတ်ဝန်းကျင်ရှိ လူသားအားလုံးအတွက် စိတ်ချရသော ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ တိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်ပါတယ်။
ဆေးလိပ်ဖြတ်ခြင်းရဲ့ကောင်းကျိုးများ….

ဆေးလိပ်ဖြတ်လိုက်တာဟာ သင့်ရဲ့ အဆုတ်ကို ပြန် လည်ကောင်းမွန်လာ စေပြီး အဆုတ်ကင်ဆာ၊ နာတာရှည်လေပြွန်ရောင်ခြင်းနဲ့ လေအိတ်ပျက်ခြင်းတို့ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။
ဆေးလိပ်ဖြတ်ပြီး (၁) နှစ်အကြာတွင် သွေးကြောကျဉ်းခြင်းကြောင့် ဖြစ်တတ် တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ရင်ဘတ်အောင့်ခြင်း ဖြစ်နိုင်ခြေကို ပညာရှင်များရဲ့ အဆို အရ ထက်ဝက်ခန့်အထိ လျှော့ချ နိုင်တယ်လို့ သိရပါတယ်။
အခြားပြင်းထန်သော ရောဂါအခံမရှိပါက ဆေးလိပ်ပြတ်သွားခြင်းဟာ ဘဝသက်တမ်းကို နောက်ထပ် (၁၀) နှစ်ခန့်အထိ ပိုမိုအသက်ရှည်စေနိုင်တယ်လို့စစ်တမ်းများအရ သိရပါတယ်။
နောက်တစ်ခုကတော့ သင်ဆေးလိပ် ဖြတ်လိုက်တာဟာ ဆေးလိပ်မသောက်တဲ့ ပတ်ဝန်းကျင်က လူများ အတွက်ကောင်းကျိုး ဖြစ်မှာပါ။ဆေးလိပ်မသောက်သူတွေ ဆေးလိပ်ရဲ့ အငွေ့တွေကြောင့် အဆုတ်ကင်ဆာနှင့် နှလုံးရောဂါ တွေဖြစ်ပွားတက်ပါတယ်။
ဆေးလိပ်ကိုဘယ်လိုဖြတ်မလဲ?
ဆေးလိပ်ဖြတ်ဖို့ အတွက် ရက်စွဲတစ်ခု ကို သေချာ သတ်မှတ်ပါ။ အဓိကအကြောင်း အရင်း ကို ချရေးထားပါ ဥပမာ မိသားစု၊ကျန်းမာရေး ငွေကြေးတို့ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မိသားစုနဲ့ သူငယ်ချင်းများ ကို ဆေးလိပ်ဖြတ်နေကြောင်းပြောပြပြီး အကူအညီတောင်းပါ။ သောက်ချင်စိတ်ဖြစ်ပေါ်လာရင် ပီကေ၊ငုံဆေး ဒါမှဟုတ် အစားအစာများစားပေးပါ။ ဆေးလိပ်သောက်ချင်စိတ်ဟာ (၅)မိနစ် (၁၀ )မိနစ်လောက်မှာပြင်းထန်တတ် သဖြင့် ဆေးလိပ်သောက် ချင်စိတ်ကို အာရုံလွှဲပါ။ ဆေးလိပ်ဖြတ်ရန်လွယ်ကူစေရန် အတွက် ဆရာဝန်နဲ့တိုင်ပင် ပြီးသောက်သင့်တဲ ဆေးဝါးများကိုမေးပါ။
ဆေးလိပ်ဖြတ်လိုက်ခြင်းဟာ သင့်အတွက် ပိုမိုကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု ကိုဖြစ်စေလာပြီး သင့်နဲ့ သင့်ပတ်ဝန်းကျင် သင့်မိသားစု အတွက် အကျိုးကျေးဇူးများ ကို များစွာဖြစ်ထွန်းစေမှာပါ။
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
