ဘေးကင်းသောလိင်ဆက်ဆံမှု (Safe Sex) ဆိုသည်မှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (STIs) နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တို့မှ မိမိကိုယ်ကိုယ်နဲ့ အဖော်ကို ကာကွယ်ရန် ကျင့်သုံးတဲ့ နည်းလမ်းများဖြစ်ပါတယ်။
ဘေးကင်းသောလိင်ဆက်ဆံမှုတွင် ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု (ကွန်ဒုံး) သုံးစွဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းမှု (သဘောတူညီချက်၊ နယ်နိမိတ်သတ်မှတ်ချက်များ) နဲ့ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှု (ပုံမှန်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း) တို့ ပါဝင်တယ်။ ဘေးကင်းသောလိင်ဆက်ဆံမှုကို ကျင့်သုံးခြင်းဟာ မိမိကိုယ်ကိုယ်သာမက လိင်ဆက်ဆံဖော်များကိုပါ လေးစားတန်ဖိုးထားကြောင်း ဖော်ပြသည့် ပူးတွဲတာဝန်ယူမှုတစ်ခုဖြစ်ပါတယ်။
ဘေးကင်းသောလိင်ဆက်ဆံမှု အခြေခံအချက်များ

လိင်မဆက်ဆံမီ ရိုးသားစွာ ဆွေးနွေးခြင်း – ယခင်က အတွဲဖော်များ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါရာဇဝင်၊ မူးယစ်ဆေးသုံးစွဲမှုတို့ကို ပွင့်လင်းစွာ ဆွေးနွေးခြင်းသည် အရေးကြီးသောအချက်ပါ။ အရက်နှင့် မူးယစ်ဆေးဝါးများသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ထိခိုက်စေပြီး အန္တရာယ်များသော လိင်ဆက်ဆံမှုအပြုအမူများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ကာကွယ်ရေးနည်းလမ်းများ (Barrier Methods)

လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများအကြောင်း သိမှတ်ဖွယ်ရာများ- လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STIs) များသည် သုက်ရည်၊ မိန်းမကိုယ်အရည်၊ စအိုအရည်၊ သွေး၊ အရေပြားချင်း ထိတွေ့မှု၊ အချို့ကိစ္စများတွင် တံတွေးမှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
ကွန်ဒုံးသည် STIs အများစုကို ကာကွယ်ပေးသော်လည်း အရေပြားချင်း ထိတွေ့မှုမှ ကူးစက်သော ရောဂါများ (ဥပမာ – ရေယုန် (Herpes)၊ လိင်အင်္ဂါကြွက်နို့ (Genital Warts)၊ ဆစ်ဖလစ် (Syphilis)) ကိုမူ အပြည့်အဝ မကာကွယ်နိုင်ပါ။
STIs အများအပြားသည် ရောဂါလက္ခဏာမပြသောကြောင့် မိမိတွင် ရောဂါရှိမှန်း မသိဘဲ ကူးစက်နိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းနှင့်စစ်ဆေးခြင်း

လိင်ဆက်ဆံမှု စတင်ပြီးသူတိုင်း၊ အတွဲဖော်သစ်မရမီနှင့် ကာကွယ်မှုမဲ့ လိင်ဆက်ဆံမိပါက ပုံမှန်စစ်ဆေးသင့်သည်။ STI အများစုသည် စောစီးစွာ တွေ့ရှိပါက ကုသနိုင်တယ်လို့ သိရပါတယ်။
ကာကွယ်ဆေးများအနေဖြင့် HPV (လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်)၊ အသည်းရောင်အသားဝါ B နှင့် A တို့အတွက် ကာကွယ်ဆေးများရှိပါတယ်။
HIV မကူးစက်ရသေးသူများအတွက် HIV ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချပေးသော နေ့စဉ်သောက်ဆေးများရှိပါတယ်။ ဥပမာ – PrEP & PEP။
PEP ဆေးကတော့ HIV နှင့် ထိတွေ့မိပြီးနောက် ၇၂ နာရီအတွင်း စတင်သောက်သုံးရသော ဆေးဖြစ်ပြီး HIV ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးပါတယ်။
ကိုးကားချက်များ
– Brigham and Women’s Hospital. (2025, July 1). Safer Sex Guidelines
https://healthlibrary.brighamandwomens.org/library/testsprocedures/Gynecology/85,P00585
– MyHealth Alberta. (2025, May 5)Learning About Safer Sex for Teens
https://myhealth.alberta.ca/health/AfterCareInformation/pages/conditions.aspx?HwId=av2956Apply Now
– Sexual Health Malta. (2026, January 14). Safer Sex
https://sexualhealth.gov.mt/sexual-health-topic/safer-sex
– Johns Hopkins Health Library. (2025, July 1). Safer Sex Guidelines for Teens
https://johnshopkinshealthcare.staywellsolutionsonline.com/ReturningtoCare/90,P01645
– Australian Government Department of Health and Aged Care. (2025, November 3). Prevention of sexually transmissible infections https://www.health.gov.au/sti/prevention
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
