ပုံမှန် မျက်စိစစ်ဆေးမှု ခံယူပါ

ပုံမှန် မျက်စိစစ်ဆေးမှု ခံယူခြင်းဟာ အမြင်အာရုံကောင်းမွန်စေရန်နဲ့ မျက်စိရောဂါများကို အစောပိုင်းအဆင့်မှာ ရှာဖွေတွေ့ရှိနိုင်ရန်အတွက် အလွန်အရေးကြီးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

မျက်စိရောဂါအများအပြားဟာ အစောပိုင်းအဆင့်မှာ ရောဂါလက္ခဏာမပြဘဲ တိတ်တဆိတ် ဖြစ်ပေါ်တတ်ပါတယ်။ အမြင်အာရုံကောင်းနေတယ်လို့ ထင်ရသော်လည်း ပုံမှန်စစ်ဆေးမှု ခံယူခြင်းဖြင့် ရေတိမ် (Glaucoma)၊ အတွင်းတိမ် (Cataract)၊ ဆီးချိုသွေးချိုကြောင့် ဖြစ်သော မျက်စိရောဂါ (Diabetic Retinopathy) နဲ့ အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်တဲ့ အစွန်းပျက်ရောဂါ (Age-related Macular Degeneration) ကဲ့သို့သော မျက်စိရောဂါများကို အချိန်မီ သိရှိနိုင်ပြီး အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်ရန် သို့မဟုတ် နှောင့်နှေးစေရန် အထောက်အကူပြုနိုင်ပါတယ်။

မြန်မာနိုင်ငံတွင်လည်း မျက်စိကျန်းမာရေးပြဿနာဟာ အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသများအပါအဝင် အမြင်အာရုံချို့ယွင်းမှုနဲ့ မျက်စိကွယ်မှုကို လျှော့ချနိုင်ရန် မျက်စိစစ်ဆေးခြင်းနဲ့ အချိန်မီကုသမှုတွေက အရေးကြီးပါတယ်။ WHO ရဲ့ မျက်စိစစ်ဆေးရေးလမ်းညွှန်မှာလည်း အန္တရာယ်ရှိနိုင်တဲ့ လူအုပ်စုများအတွက် အစောပိုင်းရှာဖွေတွေ့ရှိမှုနဲ့ အချိန်မီ စီမံကုသမှုကို အလေးပေးထားပါတယ်။

ပုံမှန် မျက်စိစစ်ဆေးခြင်းရဲ့အကျိုးကျေးဇူးများ

ရေတိမ်နဲ့ ဆီးချိုသွေးချိုကြောင့် ဖြစ်သော မျက်စိရောဂါကဲ့သို့သော ရောဂါများဟာ အစောပိုင်းအဆင့်မှာ လက္ခဏာမပြတတ်ဘဲ နောက်ကျမှ သိရှိရပါက အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုသွေးချိုရှိသူများမှာ ပုံမှန်မျက်စိစစ်ဆေးခြင်းဖြင့် မျက်စိရောဂါများကို စောစီးစွာ ရှာဖွေပြီး အချိန်မီကုသနိုင်တာကြောင့် အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်ရန် သို့မဟုတ် နှောင့်နှေးစေရန် အထောက်အကူပြုနိုင်ပါတယ်။ Diabetic retinopathy ကို အစောပိုင်းရှာဖွေပြီး ကုသခြင်းဖြင့် အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်နိုင်ခြေ မြင့်မားပါတယ်။

အခြားသောကျန်းမာရေးပြဿနာများကိုကြိုတင်သိရှိနိုင်ခြင်း

မျက်စိစစ်ဆေးမှုမှာ ဆီးချိုသွေးချို၊ သွေးတိုးနဲ့ အခြားသော ခန္ဓာကိုယ်ဆိုင်ရာ ကျန်းမာရေးပြဿနာအချို့ရဲ့ လက္ခဏာတွေကိုလည်း တွေ့ရှိနိုင်ပါတယ်။ မျက်စိစစ်ဆေးမှုမှာ တွေ့ရှိတဲ့ အချက်အလက်တွေကနေ အခြားကျန်းမာရေးပြဿနာတွေကို ထပ်မံစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။

အချိန်မီ ကုသခြင်းဖြင့် အမြင်အာရုံဆုံးရှုံးခြင်းကို ကာကွယ်ရန် အထောက်အကူပြုနိုင်ပြီး ဘဝအရည်အသွေးကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

မျက်စိစစ်ဆေးမှုခံယူသင့်သည့် အကြိမ်ရေ

မျက်စိစစ်ဆေးသင့်တဲ့ အကြိမ်ရေဟာ လူတစ်ဦးချင်းစီရဲ့ အသက်၊ ရောဂါရာဇဝင်၊ မျက်စိကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေတွေပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

ဆီးချိုသွေးချိုရှိသူများအတွက် နှစ်စဉ် မျက်စိစစ်ဆေးမှု ခံယူရန် အရေးကြီးပါတယ်။ မျက်စိရောဂါဖြစ်နိုင်ခြေ မြင့်မားသူများအနေနဲ့လည်း မိမိရဲ့ အခြေအနေအလိုက် မျက်စိဆရာဝန်ရဲ့ အကြံပြုချက်အတိုင်း စစ်ဆေးသင့်ပါတယ်။

အသက် ၄၀ နှစ်ဝန်းကျင်ကစပြီး မျက်စိကျန်းမာရေးကို ပုံမှန်ဂရုစိုက်စစ်ဆေးသင့်ပေမယ့် စစ်ဆေးရမယ့် အကြိမ်ရေကို အသက်တစ်ခုတည်းနဲ့ သတ်မှတ်တာထက် တစ်ဦးချင်းစီရဲ့ အန္တရာယ်အခြေအနေအပေါ် မူတည်ပြီး သတ်မှတ်သင့်ပါတယ်။

ကလေးသူငယ်များအနေနဲ့လည်း အသက် ၃ နှစ်မှ ၅ နှစ်ကြားမှာ အနည်းဆုံးတစ်ကြိမ် မျက်စိစစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒီလိုစစ်ဆေးခြင်းက မျက်စိပျင်းရောဂါ (Amblyopia) သို့မဟုတ် အဲဒီရောဂါဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကို အချိန်မီ ရှာဖွေကုသနိုင်ရန် အရေးကြီးပါတယ်။

စစ်ဆေးမှု ခံယူသင့်သည့်အခြားအခြေအနေများ

အောက်ပါ မျက်စိဆိုင်ရာ ပြဿနာများရှိပါက နောက်တစ်ကြိမ် ပုံမှန်စစ်ဆေးချိန်အထိ မစောင့်ဘဲ မျက်စိဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

  • World Health Organization. (2024, January 10). Vision and eye screening implementation handbook. ISBN: 978-92-4-008245-8.
  • Centers for Disease Control and Prevention (CDC). (2024, May 15). Why Eye Exams Are Important.
  • Cleveland Clinic Health Essentials. (2025, January 27). How Often Do You Really Need an Eye Exam.
  • Carolinas Center for Sight. (2026, August 2). The Appointment That Changed Everything: Why One Eye Exam Can Protect More Than Your Vision.
  • The International Agency for the Prevention of Blindness (IAPB). Country Data – Myanmar IAPB Vision Atlas.