တစ်ကိုယ်ရည် သန့်ရှင်းရေး နှင့် အရေးပြားပြဿနာ “ဝဲ” ရောဂါ

ဝဲဆိုတာ Sarcoptes scabiei ဆိုတဲ့ သေးငယ်တဲ့ ပိုးမွှားကြောင့်ဖြစ်တဲ့ အရေပြားယားယံခြင်း တစ်မျိုးဖြစ်ပါတယ်။ ဒီပိုးလေးက အရေပြားကိုဖောက်ဝင်ပြီး ပြင်းထန်စွာယားယံစေနိုင်ပါတယ်။

သန့်သန့်ရှင်းရှင်းမနေတဲ့ကလေးတွေ ၊ သန့်ရှင်းရေးကို မိဘတွေက ဂရုတစိုက်ပြုလုပ်ပေးနိုင်ခြင်းမရှိတဲ့ ကလေးတွေမှာ အဖြစ်များပြီးတချို့ လူလတ်ပိုင်း ၊ လူငယ်ပိုင်းတွေမှာလည်းဖြစ်စေပါတယ်။

ဝဲရောဂါက ကူးစက်တတ်ပြီးတော့ မိသားစု၊ မူကြိုကျောင်း၊ ထောင်၊ ဘိုးဘွားရိပ်သာ စတဲ့နေရာတွေမှာ ထိတွေ့ဆက်ဆံမှုကနေတဆင့် အလွယ်တကူပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့်တစ်ယောက်မှာ ဝဲဖြစ်ပြီဆိုရင် သူနဲ့ထိတွေ့မှုရှိတဲ့ မိသားစုဝင်တွေနဲ့ အခြားသူတွေကိုပါ ကုသဖို့ညွှန်ကြားလေ့ရှိပါတယ်။

ရောဂါလက္ခဏာများ

ဒီ‌ရောဂါ ကူးစက်နိုင်တဲ့ အခြေအနေ တွေ ကတော့…

ဝဲယားနာဟာ  ပိုးစတင်ကူးစက်ပြီး (၄) ပတ်နှင့် (၆) ပတ်အကြာတွင် လက္ခဏာ စတင်ဖြစ်ပေါ်လေ့ရှိသော်လည်း ကိုယ်ခံအားကျဆင်းခြင်းတို့ ကြောင့် ဖြစ်ပါတယ်။

ယခင်ကဝဲယားနာဖြစ်ဖူးသူများဟာ  ပိုးကူးစက်ပြီး ရက်အနည်းငယ်အကြာတွင် စတင်ဖြစ်ပေါ်လာနိုင်ပြီး အဓိကလက္ခဏာမှာ အရေပြားတွင် အဖုအပိန့် (သို့မဟုတ်) အနီကွက်များ ထွက်ခြင်း၊ ပြင်းထန်သော ယားယံခြင်းတို့ဖြစ်ပြီး များသောအားဖြင့် ညအချိန်တွင်ပို၍ ယားယံတတ်ပါတယ်။

အရွယ်ရောက်ပြီး တဲ့ ကလေးများ မှာတော့ ရောဂါဖြစ်ပွားရင် အောက်ပါ လက္ခဏာ များတွေ့ရပါတယ်။

လက်ချောင်းများကြားချိုင်း၊ ခါးတစ်ဝိုက်၊ လက်ကောက်အတွင်းဖက်၊ တံတောင်ဆစ်အတွင်းဖက်၊ တံတောင်ဆစ်အတွင်းဖက်၊ ခြေဖဝါး၊ ရင်သား၊ ယောက်ျားအင်္ဂါတစ်ဝိုက်၊ ဒူးပေါ်၊ လက်ပြင်ရိုးပေါ်တို့မှာဖြစ်တက်ပါတယ်။ တစ်နှစ်အောက်ကလေးများ ကတော့ ဦးနဲ့ရေပြား၊ မျက်နှာ၊ လည်ပင်း၊ လက်နဲ့ခြေထောက်များမှာ အဖြစ်များပါတယ်။

ဘယ်လိုကုသမလဲ?

ကုရတာလွယ်သလား? ခက်သလား? ဆိုတော့ လူနာရဲ့ အနေအထားပေါ်မူတည်ပါတယ် ။ လူနာရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ဆရာဝန်ညွှန်ကြားချက်အပေါ်လိုက်နာမှုစသည်ဖြင့်အချက်အများကြီးရှိပါတယ်။ ဆရာဝန်လမ်းညွှန်ချက်ဖြင့်ခရင်မ်လိမ်းဆေးများကို သုံးစွဲနိုင်ပါတယ်။ များသောအားဖြင့်ဆေးများကိုတစ်ကိုယ်လုံးလိမ်းရန်လိုအပ်ပြီးလည်ပင်းမှခန္ဓာကိုယ်အောက်ပိုင်းတစ်လျှောက်လိမ်းကျံပါတယ်။ ဆေးကိုအနည်းဆုံး (၈)နာရီကြာလိမ်းထားရမှာဖြစ်ပါတယ်။ သောက်သင့်တဲ့ဆေးတွေကိုတော့ဆေးဝါးကျွမ်းကျင်သူများ၊ ဆရာဝန်များနဲ့တိုင်ပင်သင့်ပါတယ်။