ငှက်ဖျား ရောဂါ(Malaria)

ငှက်ဖျားဆိုတာအဖျားကြီးပြီးချမ်းတုန်လာတဲ့ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ Anopheles အမျိုးအစားခြင်ကိုက်ခံရတာကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။ ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်ကလူကိုကိုက်လိုက်တဲ့အခါ ရောဂါပိုးကသွေးကြောတွေထဲကိုရောက်ရှိသွားပါတယ်။

အာရှတိုက်နဲ့အာဖရိကတိုက်တို့ပါဝင်သည့်အပူပိုင်းနှင့်အနွေးပိုင်းဒေသများတွင်ငှက်ဖျားရောဂါပြန့်ပွားလျက်ရှိနေပြီး။ နှစ်စဉ် နှစ်တိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှုသည် ၃၅၀–၅၀၀ သန်းနီးပါးမျှရှိပြီး ရောဂါကြောင့် သေဆုံးသူဦးရေမှာ တစ်သန်းမှ သုံးသန်းကြားတွင်ဖြစ်နေ ပါတယ်။

ငှက်ဖျားရောဂါဟာ နယ်စပ်နဲ့တောတောင်ထူထပ်တဲ့ ဒေသတွေမှာတော့ ရောဂါပိုးအမြဲကူးစက်နေပါတယ်။

ငှက်ဖျားရောဂါရဲ့ရောဂါလက္ခဏာတွေကို သာမန်ငှက်ဖျားရောဂါ နဲ့ပြင်းထန်တဲ့ငှက်ဖျားရောဂါ ဆိုပြီး  (၂ )မျိုးခွဲခြားသတ်မှတ်ထားပါတယ်။

A close-up shot of a mosquito on human skin, featuring a "Gracewin Company Limited" logo in the top left and a text overlay in Burmese and English reading "ငှက်ဖျားရောဂါ

ရောဂါလက္ခဏာ

သာမန်ငှက်ဖျားရောဂါ ကတော့ အေးစိမ့်စိမ့်ဖြစ်ပြီး ခိုက်ခိုက်တုန်အောင် ချမ်းတာ  အဖျားတက်တာ၊ခေါင်းကိုက်တာနဲ့ အော့အန်တာ ငယ်ရွယ်တဲ့ သူတွေမှာ အဖျားကြီးပြီး တက်တာ ချွေးတအားထွက်ပြီး အပူချိန်ကျသွားပေမယ့် နုံးချိနေတာမျိုး စတာတွေ ခံစားရနိုင်ပါတယ်။ဖပြင်းထန်တဲ့ငှက်ဖျားရောဂါ ကတော့ အဖျား တက်တာ၊ ချမ်းတုန်တာ ၊ သတိလစ်တာ ၊ နုံးချိတာတက်တာ ၊ အသက်ရှု ကြပ်တာ၊ အသက်ရှု ရခက်တာ၊ ပုံမှန် မဟုတ်တဲ့ သွေးယိုစီးမှုဖြစ်တာ၊ သွေးဆုတ်တာ၊ အသားဝါတာ၊ အရေးပါတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးလာတာ အချိန်မီ ကုသမှု မခံယူပါက သေဆုံးသည်အထိ ဖြစ်လာ နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?

ငှက်ဖျားရောဂါ ကို ကာကွယ်နိုင် မယ့်ဆေး မရှိသေးပါဘူး၊ ရောဂါပိုးရှိတဲ့နေရာတွေကို သွားရောက်မယ့် ဆိုရင် ဆရာဝန် နဲ့ တိုင်ပင်ပြီး ရောဂါကာကွယ် နိုင်မယ့်ဆေးဝါးများ ဆောင်သွားသင့်ပါတယ်။ အဓိကတော့ ခြင်မကိုက်အောင်နေပါ။

ငှက်ဖျားရောဂါကုသမှု

ငှက်ဖျားရောဂါကို ကုသရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ artemisinin-based ပေါင်းစပ်ကုထုံး (ACT) ကို အကြံပြုထားပါတယ်။