ရေကြီးရေလျှံမှုများဟာရေဆိုးနှင့် ရေကောင်းရောနှောသွားခြင်းကြောင့် ကူးစက်ရောဂါများ၊ အရေပြားပြဿနာများနဲ့အသက်အန္တရာယ်ထိခိုက်ဒဏ်ရာများ အဓိကဖြစ်ပွားစေနိုင်ပါတယ်။ ကပ်ရောဂါများမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန်နဲ့ရောဂါလက္ခဏာများပေါ်လာပါက အရေးပေါ်ကုသမှုခံယူရန် အလွန်အရေးကြီးပါတယ်။

ကျွန်တော်တို့မြန်မာနိုင်မှာတော့မိုးရာသီနဲ့ အမှတ်မထင်ရာသီဥတုဖောက်ပြန်မှုတွေကြောင့် တွေ့ကြုံခံစားနေကြရပါတယ်၊အဓိကကတော့မိုးရာသီမှာပါ။
ရေကြီးတဲ့အခါရေထဲမှာ အညစ်အကြေး၊ ရောဂါပိုးမွှား၊ ဓာတုအရည်၊ အဆိပ်အတောက်တွေပါဝင်နိုင်လို့အောက်ပါကျန်းမာရေးပြဿနာတွေကိုသတိပြုပါ။
ဖြစ်တက်တဲ့ရောဂါတွေကတော့ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျား(တိုက်ဖွိုက်)ရောဂါ၊ အသည်းရောင်အသားဝါ(အေ)ရောဂါ၊ သွေးလွန်တုပ်ကွေးနှင့်ငှက်ဖျားရောဂါ၊ ဝဲ၊ ပွေးစတဲ့အရေပြားရောဂါများဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ကူးစက်နိုင်သောရောဂါများလည်းဖြစ်ပါတယ်။ အထူးသတိပြုကာကွယ်ရန်နည်းလမ်းများကတော့ရေကိုကျိုချက်ပြီးမှသောက်ပါ၊ရေကြီးနေတဲ့အချိန်ရေကြီးနေသောရေညစ်များနှင့် ထိတွေ့ထားသောအစားအစာများကိုလုံးဝ(လုံဝ)မစားသုံးပါနှင့်။ ရေထဲတွင်လမ်းလျှောက်ရပါက ရာဘာဘွတ်ဖိနပ်(သို့)အကာအကွယ်တစ်ခုခုကို အသုံးပြုပြီးရေစိုသွားပါကဆပ်ပြာဖြင့်ချက်ချင်းသေချာဆေးကြောခြောက်သွေ့အောင်ထားပါ။

ရေကြီးနေတဲ့အချိန်မှာ တွင်းအောင်းတိရစ္ဆာန်များမှ တစ်ဆင့်ကူးစက်သောရောဂါများလဲဖြစ်တက်ပါတယ်၊ ဒါကလက်(ပ်)တိုစပိုင်းစ်ရောဂါပါ၊ ရောဂါဟာ တိရစ္ဆာန်တို့ရဲ့ဆီးနဲ့အညစ်အကြေးများ ရောနှောပါဝင်နေတဲ့ရေ(ညစ်ညမ်းသောရေများ) အတွင်းအလုပ်လုပ်ကိုင်ကြသူများဖြစ်တဲ့ တောင်သူလယ်သမားများ၊ မိုင်းတွင်းလုပ်သားများ၊ သန့်ရှင်းရေးလုပ်သားများတိရစ္ဆာန်မွေးမြူရေးနဲ့ရေလုပ်ငန်းလုပ်ကိုင်ကြသူများတွင် ကူးစက်ခံရနိုင်ခြေပိုမိုများပြားကြောင်းသိရပါတယ်။
ရေကြီးရေလျှံမှုရဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများကင်းဝေးစေရန် အစားအစာနဲ့သောက်သုံးရေတို့ သန့်ရှင်းရေး၊လက်သန့်ရှင်းရေးနဲ့တစ်ကိုယ်ရေသန့်ရှင်းရေး၊ ရာသီဥတုနဲ့သင့်လျော်စွာဝတ်ဆင်နေထိုင်ပြီးခြင်မကိုက်စေရန်ဂရုပြုရေး၊ မြွေအန္တရာယ်၊ လျှပ်စစ်အန္တရာယ်နဲ့နေအိမ်ပြိုကျမည့်အန္တရာယ်တို့ကို သတိပြုရေးတို့အတွက် ရေဘေးအန္တရာယ်ကြုံတွေ့ဖွယ်ဒေသများမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်တယ်လို့ အကြုံပြုလိုက်ပါတယ်။
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
