မိုးရာသီကအပူဒဏ်ကို သက်သာစေပေမယ့် ရာသီဥတုကြောင့် ဖြစ်ပွားတဲ့ရောဂါများကိုခံစားရကြပါတယ်။ အအေးမိခြင်း၊တုပ်ကွေးရောဂါများဖြစ်ခြင်း စတဲ့ရောဂါတွေအပြင်စိုစွတ်မှုကြောင့် အရေပြားနဲ့ဆိုင်တဲ့ရောဂါတွေလဲဖြစ်တက်ပါတယ်။
အထူးသဖြင့်ချိုင်း၊ ပေါင်ခြံကဲ့သို့သော အရေပြားချင်းထိတွေ့နေသောနေရာများတွင် မှိုကူးစက်မှုများဖြစ်ပွားတတ်ပါတယ်။
ချိုင်းနဲ့ပေါင်ခြံမှိုဟာမှိုပိုးများကြောင့်ဖြစ်ပေါ်လာတဲ့အရေပြားရောဂါတစ်မျိုးဖြစ်ပြီးစိုစွတ်သောနေရာများတွင်ပိုမိုဖြစ်ပွားလွယ်ပါတယ်။ချွေးများ၊လေဝင်လေထွက်မကောင်းခြင်းနဲ့သန့်ရှင်းရေးမလုံလောက်ခြင်းတို့ကြောင့်မှိုပိုးများပိုမိုပေါက်ပွားနိုင်ပါတယ်။

ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ မိုးရာသီတွင်ချွေးထွက်များခြင်း၊ စိုစွတ်နေသော အဝတ်အစားများကို အချိန်ကြာမြင့်စွာဝတ်ဆင်ခြင်း၊ တင်းကျပ်တဲ့အဝတ်အစားများ ဝတ်စားခြင်း၊ ချိုင်းနဲ့ပေါင်ခြံနေရာများကို ခြောက်သွေ့အောင်မထားနိုင်ခြင်း၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်းကလဲကူးစက်တက်ပါတယ်။
မှိုကြောင့်ဖြစ်တက်တဲ့ရောဂါလက္ခဏာယားယံခြင်း၊ အရေပြားများအရောင်ပြောင်းလာခြင်း၊ ပူလောင်သလိုခံစားရပြီး၊ တချို့သောအခြေအနေများမှာတော့ အနံဆိုးများထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။
မိုးရာသီတွင်ချိုင်းနဲ့ပေါင်ခြံများတွင်မှိုကြောင့်ဖြစ်တဲ့ရောဂါများ မဖြစ်အောင်ကာကွယ်ရန်နည်းလမ်းတွေကတော့ချိုင်းနဲ့ပေါင်ခြံများနေရာများကိုသန့်ရှင်းပြီးခြောက်သွေ့အောင်ထားပါ၊ ချည်ထည်ကဲ့သို့သောလေဝင်လေထွက်ကောင်းသောအဝတ်အစားများကိုဝတ်ဆင်ပါ၊ ဝတ်ဆင်ထားတဲ့အဝတ်စားများချွေးစိုနေပါကအမြန်ဆုံးလဲပါ၊ တစ်ကိုယ်သုံးပစ္စည်းများကိုအသုံးပြုပြီးရေချိုးပြီးနောက်ခန္ဓာကိုယ်အတွင်းပိုင်းများကို သေချာခြောက်အောင်သုတ်သင့်ပါတယ်။
ဝေဒနာခံစားရလာပါကယားယံလာနိုင်ပြီးမကုတ်မိအောင်သတိထားပါ၊ ဆေးဆိုင်တွင်ရရှိနိုင်တဲ့လိမ်းဆေးခရင်များကိုအသုံးပြုသင့်ပါတယ်။ မသက်သာပါကသက်ဆိုင်ရာကျွမ်းကျင်သူများနဲ့တိုင်ပင်သင့်ပါတယ်။
မိမိခန္ဓာကိုယ်ကိုဂရုစိုက်ခြင်းဟာ နေ့စဉ်ကျန်းမာရေးအတွက်အရေးကြီးသော အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
