Grace Win မိသားစုမှ “စစ်ကိုင်းငလျင်” ဖေးမကူ အလှူ

Grace Win မိသားစုမှ “စစ်ကိုင်းငလျင်” ဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာခဲ့ရသောမြန်မာနိုင်ငံဒေသအသီးသီးမှ ပြည်သူများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။

ယခုလိုခက်ခဲသောအချိန်ကာလတွင် မိဘပြည်သူများထံသို့ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ငွေကြေးအထောက်အပံ့များ စုစုပေါင်း ကျပ်သိန်း တန်ဖိုး ၇၀,၈၅၈,၀၀၀ (ခုနှစ်ရာ့ရှစ်သိန်းငါးသောင်းရှစ်ထောင်ကျပ်) ကိုကူညီလှူဒါန်းနိုင်ခဲ့ပါသည်။

ကျွန်တော်တို့ Grace Win မိသားစု၏ အထောက်အပံ့များသည် ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် အနာဂတ်တွင်ကောင်းမွန်စွာရပ်တည်နိုင်စေရန်အတွက်ရည်ရွယ်ပါသည်။

ယခုလိုအကူအညီအထောက်အပံ့လှူဒါန်းခြင်းများသည် ရှေ့ဆက်ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် အနာဂတ်တွင်ကောင်းမွန်စွာ ရပ်တည်နိုင်စေရန် အကောင်းဆုံးဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ပါသည်။

ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ပြည်သူများအားလုံး စိတ်ရော၊ကိုယ်ပါအမြန်ဆုံးပြန်လည်ကျန်းမာလာနိုင်ကြပါစေရန်အတွက် ဆုတောင်းမေတ္တာပို့သ ရင်း
“ယခုလိုခက်ခဲသောအချိန်ကာလတွင် ကျွန်တော်တို့ Grace Win မိသားစု သည်လည်း ပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်သွားပါမည်”